Tuesday 19 July 2011

Hacking ကာကွယ်ရေး နဲ့ မြန်မာ hacking အဖွဲ့တွေပေါ် အမြင်။

Hacking အကြောင်းကို ကျွန်တော်တို့ စိတ်ဝင်စားလာနေကြပြီးဆိုတော့....
ကျွန်တော်က ကျွန်တော့် စာဖတ်ပရိတ်သိတ်တွေရဲ့ အကြောင်းကို အနားလည်ဆုံးဆိုတော့ Facebook ကို
ဘယ်လို hack ရမလဲ၊ Gmail ကို ဘယ်လို hack ရမလဲကို မသင်ပေးပါဘူး။
ဒါပေမဲ့ အရေးကြီးတဲ့ လုံခြုံရေးအပိုင်းကို ရှင်းပြပေးပြီး အသိပေးသွားပါမယ်။
ဘာဖြစ်လိုလဲဆိုတော့ ကျွန်တော် ကိုယ်တိုင်လဲ Hacking ကို စိတ်ဝင်စားနေတဲ့
လူတစ်ယောက် မို့လို့ ကျွန်တော် နောက်ဆုံး သိသိသမျှ Hacking နည်းလမ်း
ကိုတွေကို ဘယ်လို့ ကာကွယ်ရမလဲဆိုတာကို ကျွန်တော် အတက်နိုင်ဆုံး ပိုစ့်တင်ပေးသွားမှာပါ။

ဒီမှာ ကျွန်တော်က Hacking ကို ပိုစ့် မတင်ရခြင်းအကြောင်းရင်းက မြန်မာပြည်မှာက
သိတဲ့အတိုင်း Internet ဆိုင်တွေမှာ လူအများနဲ့သုံးစွဲနေရတာရယ်  လူတိုင်းစေ့က
နည်းပညာပိုင်းကို ထိထိရောက်ရောက် မသိသေးတဲ့ အချိန်မှာ ကျွန်တော်က hacking post
တင်ပေးလိုက်ရင် ကျွန်တော့် blog ကိုဖတ်တဲ့ လူတွေက သူများတွေကို hack တာမျိုးဖြစ်မှာ စိုးရိမ်လို့ပါ။
ဒါကြောင့် ကျွန်တော်အနေနဲ့  မြန်မာပြည်က ကွန်ပျုတာ သုံးတဲ့လူတိုင်းလိုလိုကို လုံခြုံရေးပိုင်း နားလည်တဲ့ အခါကျမှသာ ကျွန်တော်တို့ နောက်ထပ် ထပ်လှမ်းရမဲ့လမ်းဖြစ်တယ်လို့ ကျွန်တော်
အနေနဲ့ ခံယူထားလို့ပါ... ပြီးတဲ့အခါမှသာ hacking ကိုလေ့လာရမှာပါ.. လုံခြုံရေးကို မလေ့လာ၊ မကျွမ်းကျင်ဘူးဆိုရင်လည်း ကိုယ့်ကပြန် hack ခံသွားရပါမယ်။ ဒါကြောင့် ကျွန်တော်လဲ ဒီလောက်ကြီး Hacking အကြောင်း လုံခြုံရေးပိုင်းကိုလဲ မသိပါဘူး.....ဒါပေမဲ့ ကိုယ်သိသလောက်ကို မိတ်ဆွေတွေ
သတိထားဖို့ ကျွန်တော်ပြန် ဝေမျှပေးပါမယ်။

အခုလဲ Blink hacker Group က မြန်မာပြည်တွင်းပြည်ပ Website တွေကို လိုက် Hack
နေတာကို တွေ့ရပါတယ် တဖက်မှာ မြန်မာတွေထဲမှာ ဒီလောက် တော်တဲ့ အဖွဲ့ရှိတာကို ၀မ်းသာမိသလို၊ တဖက်မှာက ဒီလိုတော်တဲ့ လူတွေကဘဲ ကိုယ့်ဆီက မတော်တဲ့ လူတွေကို အားပေးမကူညီဘဲ ပြန်ပြီးလှ တိုက်ခိုက်တာ တွေကို တွေ့ရတဲ့အတွက် ၀မ်းသာရမလို ၀မ်းနည်းရမလိုဖြစ်မိပါတယ်။ ဘယ်ကြောင့်လဲဆိုတော့  မြန်မာပြည်မှာက သိတဲ့ အတိုင်း နည်းပညာက မကောင်းရတဲ့ကြား  သင်ကြားလို့ရမဲ့ဆိုဒ်တွေကို ပိတ်ထား တာကြောင့်ရဲ၊ connection ကနည်းတာကြောင့်ရယ် များလှတဲ့ ဒုက္ခများတဲ့ ကြားထဲကနေ ဒီလိုမျိုး Hacker အဖွဲ့တွေက ကိုယ့်အချင်းချင်းကို ပြန်တိုက်၊ ဒီကြားထဲ တခုတလော myanmar Ebook site ကို Turkey နိုင်ငံခြားက တစ်ယောက်ကလာ hack နဲ့ 
ဘာမှမတက်တဲ့ ကြားထဲက အချင်းချင်းကတိုက်၊ သူများက တိုက်ကြီးဘဲခံနေရတော့တာပေါ့။ 
ဒါကြောင့် အကြံအဥာဏ်ပေးချင်တာကတော့ ကိုယ့်မှာ hacking ပညာတက်ထားတယ်.ဆိုရင် 
ဒီပညာကို ကိုယ့်လူမျိုးတိုင်းပြည် အတွက်ဘယ်လို အကျိုးရှိအောင် အသုံးပြုသလဲ ဆိုတာကိုလေ့လာပြီး အကျိုးပြု ကောင်းပါတယ်။ ဒါမှမဟုတ် အခုလို hack မြန်မာအချင်းချင်းပြန် hack နေခြင်းဟာ ကိုယ့် hacking ပညာတိုးတက်အောင် လုပ်နေခြင်းဖြစ်တယ်ဆိုရင်လဲ ဒီလောက်များပြားတဲ့ နိုင်ငံခြားက 
ခက်ခဲ hacking ရတဲ့ site မျိုးကို hack ပြီး Myanmar hacker တွေတော်ပါလားဆိုပြီး နာမည်ရအောင် လုပ်ရင် သိပ်ကောင်းမှာဘဲ လို့ ကျွန်တော်ထင်မိပါတယ်။ ဒီလိုမဟုတ်ဘဲ ကိုယ့်အချင်းချင်းထဲက 
လွယ်လွယ် hack လို့ရမဲ့ ဟာတွေကို hack ပြီး နာမည်ကောင်းယူမယ်ဆိုရင်တော့ နောက်နောက်မှာ အခုလက်ရှိ hack နေတဲ့ လူတွေသာ တက်ပြီးနောက်မှာ ဘာပညာမှ နောင်လာနောင်သားတွေအတွက် ကျန်တော့မယ် မထင်ပါဘူး..လို့ ကျွန်တော်ရဲ့ အမြင်လေးကို  ကျွန်တော် စာဖတ်ပရိတ်သိတ်   လေးဆီ ပြောပြလိုက်ပါတယ်။


အမြင်တူ၊မတူရှိခဲ့လျင် လွတ်လပ်စွာ Comment ပေးခဲ့နိုင်ပါတယ်။


ကျေးဇူးတင်လျက်,
SBSangpi(စံပီး)

3 comments:

  1. ကိုယ့်လူမျိုးအတွက် အကျိုးရှိအောင်လို့ တတ်စွမ်းသလောက် အပင်ပန်းခံ ကြိုးစားပေးနေတဲ့ သူတွေကို သွားHack လိုက်လို့ အကျိုး ရလဒ်က ကိုယ့်လူမျိုး ဘဲ နစ်နာသွားမှာပေါ့ဗျာ........

    ကောင်းသော Hacking အဖွဲ့တွေ ဖြစ်ပေါ်လာဖို့ ဘဲ မျှော်လင့်ပါတယ်..

    ReplyDelete
  2. သိပ်ကို ရေးသင့်တဲ့ ပို့စ်တစ်ခုပါပဲ...။ ဖတ်မှတ်ကြသူတွေအတွက်လည်း အတွေးအမြင်ကောင်း
    တွေ တိုးပွားစေတဲ့ နှိုးဆော်မှု တစ်ခုလည်း ဖြစ်ပါတယ်။
    နောက်နောင်လည်း ကိုယ့်လူမျိုးအတွက် နည်းပညာတွေ
    မျှဝေရေးသားနိုင်ပါစေ...။ အသိပညာတွေ ပေးစွမ်းနိုင်ပါ
    စေဗျာ..။

    ReplyDelete
  3. အိုကေလေ
    မင်းလည်း သတိထားပေါ့
    မင်းထက် ဆရာကျတဲ့ ညီနေမင်းတောင် ဘာဖြစ်နေလဲ မင်းသိပါတယ်
    BHG က အလုပ်လုပ်ရင် ရှေ့နောက်မကြည့်တတ်ဘူးကွ
    တစ်နေ့ ၃ ကြိမ် password ပြောင်းနေပေတော့

    ReplyDelete