Tuesday 12 July 2011

Blogger တွေရဲ့ Template ပြသာနာ

Blogger တွေတော်တော်များများ ကြုံဖူးကြမှာပါ အထူးသဖြင့် Template လှလှလေးတွေကို လိုက်ရှာပြီး
ထည့်တဲ့သူတွေ၊ သူများ Template ကိုယူသုံးတဲ့ သူတွေပေါ့။ ဒီပြသာနာက ကြိုတင်ကာကွယ်ထားရင်
သနားကြီးမဟုတ်ပေမဲ့၊ အထက်ပါပုံလိုဖြစ်သွားပြီးမှ ဆိုရင်တော့ နောက်ကျသွားပြီးပေပါ့ ဒီအခုမှာ
ကိုယ့်က တခြားပုံနဲ့အစားထိုးရပါမယ်။
ကျွန်တော် မည်ကဲ့သို့ဖြေရှင်းရမလဲဆိုတာကို မပြောပြခင် ဘာကြောင့်ဖြစ်ပျက်တယ်ဆိုတာပြောပြပါမယ်။
ဒါကတော့ ကျွန်တော်တို့ Blogger တွေက ၀ါသနာကြောင့်သာ Blog ရေးတာဖြစ်တယ်ပြီးတော့
blog အတွက်လဲ ပိုက်ဆံအကုန်မခံနိုင်ကြပါဘူး ဒါပေမဲ့လဲ ကိုယ့် Blog လေးကိုလှခြင်စေကျတာကြောင့်
Online က Google မှာ Free template လေးကိုရှာပြီး Download လုပ်ကြပါတယ်။ပြီးတော့
blog မှာထည့်ကျပါတယ်။ ဒါပေမဲ့လဲ ဒါတွေက free အဖြစ်တဲ့လျှောက် template မှာအသုံးပြုထားတဲ့
ပုံတွေကို သူတို့က ရေရှည်တင်မထားဘဲ ခဏတာသာ တင်ပြီး ပြန်ဖျတ်တက်ကျပါတယ်.
ဒါကြောင့် ဒီလိုမျိုးဖြစ်တာပါ။ နောက်တခုဖြစ်နိုင်တာကလဲ file host ကဒေါင်းတဲ့အချိန်နဲ့ ကြောင်တဲ့
အချိန်တွေမှာလဲ ပုံတွေကို loading မလုပ်နိုင်တဲ့အတွက်ကြောင့် ဖြစ်ရတာပါ ဒါပေမဲ့ ဒီလိုဆိုရင်တော့
file host တွေ ပြန် Loading လုပ်နိုင်တဲ့ အခါမှာ ပြန်ကောင်းသွားမှာပါ တခါတလေလောက်ဘဲဖြစ် တက်ပါတယ်။
ဘယ်လိုဖြေရှင်းရမလဲဆိုတော့ Template တခုကို DOWNLOAD လုပ်လိုက်ပြီးဆိုရင်
အထူးသဖြင့် Blog မှာသုံးတဲ့ .XML က template အတူဘာ file မှမပါလာပါဘူး။ ဒါကြောင့် DOWNLOAD
လို့ရလာတဲ့ template ကို Open with Notepad နဲ့ဖွင့်ပြီးတော့ .jpg, .gif, .png စတဲ့ ပုံတွေရဲ့
လင့်တွေကို Template ထဲမှာ လိုက်ရှာပြီး တနေရာမှာ မှတ်ထားပါပြီးတော့ ဒီပုံတွေ အားလုံးကို
DOWNLOAD လုပ်ပြီးတော့ ကိုယ့်ရဲ့ မသေနိုင်တဲ့ file တွေတင်တဲ့ host တခုခုမှာပြန်ပြီးတင်  ပြီးတော့
ခနကနေတွေမှာ ပြန်လည်ပြီး ကိုယ့်ရဲ့ ပုံတွေ လိပ်စာကို အစားထိုးပေးရမှာဖြစ်ပါတယ်။


အဆင်ပြေမယ်လို့ထင်ပါတယ်.
SBSangpi(စံပီး)


1 comment:

  1. ကျေးဇူးပါကွာ...ကြိုးစားပြီးလိုက်လုပ်ကြည့်မယ်။

    ReplyDelete