WWW.SBSANGPI.COM
မှာ အမြဲ Update တင်ပါတယ်။
IT Reshare Site
Saturday 20 August 2011
Tuesday 19 July 2011
Hacking ကာကွယ်ရေး နဲ့ မြန်မာ hacking အဖွဲ့တွေပေါ် အမြင်။
Hacking အကြောင်းကို ကျွန်တော်တို့ စိတ်ဝင်စားလာနေကြပြီးဆိုတော့....
ကျွန်တော်က ကျွန်တော့် စာဖတ်ပရိတ်သိတ်တွေရဲ့ အကြောင်းကို အနားလည်ဆုံးဆိုတော့ Facebook ကို
ဘယ်လို hack ရမလဲ၊ Gmail ကို ဘယ်လို hack ရမလဲကို မသင်ပေးပါဘူး။
ဒါပေမဲ့ အရေးကြီးတဲ့ လုံခြုံရေးအပိုင်းကို ရှင်းပြပေးပြီး အသိပေးသွားပါမယ်။
ဘာဖြစ်လိုလဲဆိုတော့ ကျွန်တော် ကိုယ်တိုင်လဲ Hacking ကို စိတ်ဝင်စားနေတဲ့
လူတစ်ယောက် မို့လို့ ကျွန်တော် နောက်ဆုံး သိသိသမျှ Hacking နည်းလမ်း
ကိုတွေကို ဘယ်လို့ ကာကွယ်ရမလဲဆိုတာကို ကျွန်တော် အတက်နိုင်ဆုံး ပိုစ့်တင်ပေးသွားမှာပါ။
ဒီမှာ ကျွန်တော်က Hacking ကို ပိုစ့် မတင်ရခြင်းအကြောင်းရင်းက မြန်မာပြည်မှာက
သိတဲ့အတိုင်း Internet ဆိုင်တွေမှာ လူအများနဲ့သုံးစွဲနေရတာရယ် လူတိုင်းစေ့က
နည်းပညာပိုင်းကို ထိထိရောက်ရောက် မသိသေးတဲ့ အချိန်မှာ ကျွန်တော်က hacking post
တင်ပေးလိုက်ရင် ကျွန်တော့် blog ကိုဖတ်တဲ့ လူတွေက သူများတွေကို hack တာမျိုးဖြစ်မှာ စိုးရိမ်လို့ပါ။
ဒါကြောင့် ကျွန်တော်အနေနဲ့ မြန်မာပြည်က ကွန်ပျုတာ သုံးတဲ့လူတိုင်းလိုလိုကို လုံခြုံရေးပိုင်း နားလည်တဲ့ အခါကျမှသာ ကျွန်တော်တို့ နောက်ထပ် ထပ်လှမ်းရမဲ့လမ်းဖြစ်တယ်လို့ ကျွန်တော်
အနေနဲ့ ခံယူထားလို့ပါ... ပြီးတဲ့အခါမှသာ hacking ကိုလေ့လာရမှာပါ.. လုံခြုံရေးကို မလေ့လာ၊ မကျွမ်းကျင်ဘူးဆိုရင်လည်း ကိုယ့်ကပြန် hack ခံသွားရပါမယ်။ ဒါကြောင့် ကျွန်တော်လဲ ဒီလောက်ကြီး Hacking အကြောင်း လုံခြုံရေးပိုင်းကိုလဲ မသိပါဘူး.....ဒါပေမဲ့ ကိုယ်သိသလောက်ကို မိတ်ဆွေတွေ
သတိထားဖို့ ကျွန်တော်ပြန် ဝေမျှပေးပါမယ်။
အခုလဲ Blink hacker Group က မြန်မာပြည်တွင်းပြည်ပ Website တွေကို လိုက် Hack
နေတာကို တွေ့ရပါတယ် တဖက်မှာ မြန်မာတွေထဲမှာ ဒီလောက် တော်တဲ့ အဖွဲ့ရှိတာကို ၀မ်းသာမိသလို၊ တဖက်မှာက ဒီလိုတော်တဲ့ လူတွေကဘဲ ကိုယ့်ဆီက မတော်တဲ့ လူတွေကို အားပေးမကူညီဘဲ ပြန်ပြီးလှ တိုက်ခိုက်တာ တွေကို တွေ့ရတဲ့အတွက် ၀မ်းသာရမလို ၀မ်းနည်းရမလိုဖြစ်မိပါတယ်။ ဘယ်ကြောင့်လဲဆိုတော့ မြန်မာပြည်မှာက သိတဲ့ အတိုင်း နည်းပညာက မကောင်းရတဲ့ကြား သင်ကြားလို့ရမဲ့ဆိုဒ်တွေကို ပိတ်ထား တာကြောင့်ရဲ၊ connection ကနည်းတာကြောင့်ရယ် များလှတဲ့ ဒုက္ခများတဲ့ ကြားထဲကနေ ဒီလိုမျိုး Hacker အဖွဲ့တွေက ကိုယ့်အချင်းချင်းကို ပြန်တိုက်၊ ဒီကြားထဲ တခုတလော myanmar Ebook site ကို Turkey နိုင်ငံခြားက တစ်ယောက်ကလာ hack နဲ့
ဘာမှမတက်တဲ့ ကြားထဲက အချင်းချင်းကတိုက်၊ သူများက တိုက်ကြီးဘဲခံနေရတော့တာပေါ့။
ဒါကြောင့် အကြံအဥာဏ်ပေးချင်တာကတော့ ကိုယ့်မှာ hacking ပညာတက်ထားတယ်.ဆိုရင်
ဒီပညာကို ကိုယ့်လူမျိုးတိုင်းပြည် အတွက်ဘယ်လို အကျိုးရှိအောင် အသုံးပြုသလဲ ဆိုတာကိုလေ့လာပြီး အကျိုးပြု ကောင်းပါတယ်။ ဒါမှမဟုတ် အခုလို hack မြန်မာအချင်းချင်းပြန် hack နေခြင်းဟာ ကိုယ့် hacking ပညာတိုးတက်အောင် လုပ်နေခြင်းဖြစ်တယ်ဆိုရင်လဲ ဒီလောက်များပြားတဲ့ နိုင်ငံခြားက
ခက်ခဲ hacking ရတဲ့ site မျိုးကို hack ပြီး Myanmar hacker တွေတော်ပါလားဆိုပြီး နာမည်ရအောင် လုပ်ရင် သိပ်ကောင်းမှာဘဲ လို့ ကျွန်တော်ထင်မိပါတယ်။ ဒီလိုမဟုတ်ဘဲ ကိုယ့်အချင်းချင်းထဲက
လွယ်လွယ် hack လို့ရမဲ့ ဟာတွေကို hack ပြီး နာမည်ကောင်းယူမယ်ဆိုရင်တော့ နောက်နောက်မှာ အခုလက်ရှိ hack နေတဲ့ လူတွေသာ တက်ပြီးနောက်မှာ ဘာပညာမှ နောင်လာနောင်သားတွေအတွက် ကျန်တော့မယ် မထင်ပါဘူး..လို့ ကျွန်တော်ရဲ့ အမြင်လေးကို ကျွန်တော် စာဖတ်ပရိတ်သိတ် လေးဆီ ပြောပြလိုက်ပါတယ်။
အမြင်တူ၊မတူရှိခဲ့လျင် လွတ်လပ်စွာ Comment ပေးခဲ့နိုင်ပါတယ်။
ကျေးဇူးတင်လျက်,
SBSangpi(စံပီး)

Labels:
All about Gmail-Gtalk,
All About Proxy,
Articles,
Blog Helps,
Blogger,
Games,
Hacking,
Knowledge,
News,
Recoverys,
Reviews,
Security,
Tutorials,
Virus,
websites Guide,
အဖြေရှာ
သွေးလိုအပ်
ရန်ကုန်ကလေး ဆေးရုံ မှသွေးကင်ဆာ ကလေးတစ်ယောက် A သွေး အရေးတကြီး လိုနေလို့ လှုမဲ့သူရှိရင် 294490 မသဇင်ဝေကို ဆက်သွယ်ပေးကြပါလို့ message ဖြန့်ပေးကြပါ။အရေးကြီးလို့ပါ။
Monday 18 July 2011
http://ebooks.mmblogs.net/ (Myanmar Ebooks) hacked by iSKORPiTX
(Myanmar Ebooks) site လဲ အောက်ပါအတိုင်း
translated (BY iSKORPiTX
KING OF THE UNIVERSE
He is king can not be imitated
Lamer Vurur hackers creeps!) ) Turkey လူမျိုးက hack တာဖြစ်ပါတယ်။

သို့သော်လဲ Home page တခုထဲမှာသာ hack ထားတာကိုတွ့ရပြီး home page ကို မသွားတဲ့လူအတွက်တော့ ဘာမှမသိသာပါဘူး။
SBSangpi(စံပီး)
http://nyinaymin.blogspot.com/ ဘယ်သူ့ဟာလဲ။
http://nyinaymin.blogspot.com/ ဘယ်သူ့ဟာလဲ...ဒီနေ့ဘဲ ကျွန်တော် လိုက်ပြီး ကိုညီနေမင်းရဲ့
Blog hack ခံရတာကို ဘယ်လိုကြောင့်လဲ လိုက်လေ့လာရင်းနဲ့ http://nyinaymin.blogspot.com/ ကို
တွေ့တယ်. ကိုညီနေမင်းကလဲ Account များတာကိုးဆိုတော့ ကျွန်တော် လဲပညာရအောင် ဆိုပြီးတော့
လုပ်လိုက်တာ http://nyinaymin.blogspot.com/ Dashboard ထဲရောက်သွားတယ်.
Password တွေလဲ Reset လုပ်ခိုင်းတယ်။ ဒါနဲ့ Dashboard ထဲရောက်သွားတော့ Post တော့ တခုမှမတွေ့ဘူး။ ဒါပေမဲ့ Follower ၃ယောက်တော့တွေ့တယ်.
အကယ် ကိုညီနေမင်းဟာ မဟုတ်ဘဲ တစ်ယောက်ယောက်ရဲ့ Blog သာဖြစ်ခဲ့ရင်တော့
ကျွန်တော် ဆီ mail ပို့လိုက်ပါ။ ကျွန်တော် Password ကိုပြောပြပေးပါမယ်။
SBSangpi(စံပီး)
Sunday 17 July 2011
Blog hack မခံရအောင် ဘယ်လိုကြိုတင်ကာကွယ်မလဲ။
Blog hack မခံရအောင် ဘယ်လိုကြိုတင်ကာကွယ်မလဲပေါ့ ကိုညီနေမင်းရဲ့ Blog လေး hack ခံရရချင်း
သတိရလိုက်မိတာလေးပေါ့။ ဆိုတော့ သူများခံရတာကို အော်ဟုတ်ပါလား။ ဆိုပြီးတော့ ကြည့်မနေတော့ဘဲ။
ကိုယ့်ကိုကိုယ့် အသိပေးရပါမယ် ဒီလိုမျိုး မဖြစ်အောင် ငါဘယ်လို ဒီလို hack တာကနေ ကိုယ့် Blog ကို ကာကွယ်ရမလဲဆိုပြီးတော့ ကျွန်တော် ချက်ချင်းသတိရမိတာနဲ့ နှစ်ပေါက်အောင် အသုံးပြုနေပြီး ဖြစ်တဲ့
ဒီ Blogger.com ထဲက ကျော်ကျော်သွားတဲ့ function လေးကို ကျော်သွားလို့မဖြစ်ဘဲ အသုံးပြုရပါတော့မယ်။
ဒါကတော့ Blogger.com က dashboard မှာရှိတဲ့ Settings ကိုနှိပ်ပါ။
အထက်ပါ ပုံအတိုင်း Export ကိုနှိပ်ပါပြီးနောက်
DOWNLOAD BLOG ကိုနှိပ်ပါ။ ဒါဆိုရင်
Save file ဆိုပြီးတော့ Save ခိုင်းပါလိမ့်မယ် ဒီအခါမှာ ကိုယ့်ရဲ့ Computer ထဲမှာဖြစ်ဖြစ်၊
USB ထဲမှာဖြစ်ဖြစ်...လုံခြုံတဲ့နေရာမှာ သိမ်းထားရုံဘဲ..
ကယ်ဒီ blog hack ခံရပြီး လုံးဝဖွင့်မရတော့ဘူးဆိုရင် Blogger Account တခုပြန်ဖွင့်ပြီးတော့
import blog မှာ အရင်က DOWNLOAD လုပ်ထားတဲ့ Blog ကိုပြန်တင်..
နဂိုအတိုင်း Comments ပါအပါအ၀င်ပြန်လည်ရရှိပါမယ်။။။။
အဆင်မပြေခဲ့သော် ပြန်ပြောနိုင်ပါတယ်။
SBSangpi(စံပီး)
ညီနေမင်း hacked by BlinkHackerGroup BHG
How to recovery?????????
ကိုညီနေမင်းရေ....
ကျွန်တော် ကူညီနိုင်ကောင်းကူညီနိုင်မယ်ထင်တယ်.. ဆက်သွယ်ပါအုန်း။
Subscribe to:
Posts (Atom)