WWW.SBSANGPI.COM
မှာ အမြဲ Update တင်ပါတယ်။
Saturday 20 August 2011
Tuesday 19 July 2011
Hacking ကာကွယ်ရေး နဲ့ မြန်မာ hacking အဖွဲ့တွေပေါ် အမြင်။
Hacking အကြောင်းကို ကျွန်တော်တို့ စိတ်ဝင်စားလာနေကြပြီးဆိုတော့....
ကျွန်တော်က ကျွန်တော့် စာဖတ်ပရိတ်သိတ်တွေရဲ့ အကြောင်းကို အနားလည်ဆုံးဆိုတော့ Facebook ကို
ဘယ်လို hack ရမလဲ၊ Gmail ကို ဘယ်လို hack ရမလဲကို မသင်ပေးပါဘူး။
ဒါပေမဲ့ အရေးကြီးတဲ့ လုံခြုံရေးအပိုင်းကို ရှင်းပြပေးပြီး အသိပေးသွားပါမယ်။
ဘာဖြစ်လိုလဲဆိုတော့ ကျွန်တော် ကိုယ်တိုင်လဲ Hacking ကို စိတ်ဝင်စားနေတဲ့
လူတစ်ယောက် မို့လို့ ကျွန်တော် နောက်ဆုံး သိသိသမျှ Hacking နည်းလမ်း
ကိုတွေကို ဘယ်လို့ ကာကွယ်ရမလဲဆိုတာကို ကျွန်တော် အတက်နိုင်ဆုံး ပိုစ့်တင်ပေးသွားမှာပါ။
ဒီမှာ ကျွန်တော်က Hacking ကို ပိုစ့် မတင်ရခြင်းအကြောင်းရင်းက မြန်မာပြည်မှာက
သိတဲ့အတိုင်း Internet ဆိုင်တွေမှာ လူအများနဲ့သုံးစွဲနေရတာရယ် လူတိုင်းစေ့က
နည်းပညာပိုင်းကို ထိထိရောက်ရောက် မသိသေးတဲ့ အချိန်မှာ ကျွန်တော်က hacking post
တင်ပေးလိုက်ရင် ကျွန်တော့် blog ကိုဖတ်တဲ့ လူတွေက သူများတွေကို hack တာမျိုးဖြစ်မှာ စိုးရိမ်လို့ပါ။
ဒါကြောင့် ကျွန်တော်အနေနဲ့ မြန်မာပြည်က ကွန်ပျုတာ သုံးတဲ့လူတိုင်းလိုလိုကို လုံခြုံရေးပိုင်း နားလည်တဲ့ အခါကျမှသာ ကျွန်တော်တို့ နောက်ထပ် ထပ်လှမ်းရမဲ့လမ်းဖြစ်တယ်လို့ ကျွန်တော်
အနေနဲ့ ခံယူထားလို့ပါ... ပြီးတဲ့အခါမှသာ hacking ကိုလေ့လာရမှာပါ.. လုံခြုံရေးကို မလေ့လာ၊ မကျွမ်းကျင်ဘူးဆိုရင်လည်း ကိုယ့်ကပြန် hack ခံသွားရပါမယ်။ ဒါကြောင့် ကျွန်တော်လဲ ဒီလောက်ကြီး Hacking အကြောင်း လုံခြုံရေးပိုင်းကိုလဲ မသိပါဘူး.....ဒါပေမဲ့ ကိုယ်သိသလောက်ကို မိတ်ဆွေတွေ
သတိထားဖို့ ကျွန်တော်ပြန် ဝေမျှပေးပါမယ်။
အခုလဲ Blink hacker Group က မြန်မာပြည်တွင်းပြည်ပ Website တွေကို လိုက် Hack
နေတာကို တွေ့ရပါတယ် တဖက်မှာ မြန်မာတွေထဲမှာ ဒီလောက် တော်တဲ့ အဖွဲ့ရှိတာကို ၀မ်းသာမိသလို၊ တဖက်မှာက ဒီလိုတော်တဲ့ လူတွေကဘဲ ကိုယ့်ဆီက မတော်တဲ့ လူတွေကို အားပေးမကူညီဘဲ ပြန်ပြီးလှ တိုက်ခိုက်တာ တွေကို တွေ့ရတဲ့အတွက် ၀မ်းသာရမလို ၀မ်းနည်းရမလိုဖြစ်မိပါတယ်။ ဘယ်ကြောင့်လဲဆိုတော့ မြန်မာပြည်မှာက သိတဲ့ အတိုင်း နည်းပညာက မကောင်းရတဲ့ကြား သင်ကြားလို့ရမဲ့ဆိုဒ်တွေကို ပိတ်ထား တာကြောင့်ရဲ၊ connection ကနည်းတာကြောင့်ရယ် များလှတဲ့ ဒုက္ခများတဲ့ ကြားထဲကနေ ဒီလိုမျိုး Hacker အဖွဲ့တွေက ကိုယ့်အချင်းချင်းကို ပြန်တိုက်၊ ဒီကြားထဲ တခုတလော myanmar Ebook site ကို Turkey နိုင်ငံခြားက တစ်ယောက်ကလာ hack နဲ့
ဘာမှမတက်တဲ့ ကြားထဲက အချင်းချင်းကတိုက်၊ သူများက တိုက်ကြီးဘဲခံနေရတော့တာပေါ့။
ဒါကြောင့် အကြံအဥာဏ်ပေးချင်တာကတော့ ကိုယ့်မှာ hacking ပညာတက်ထားတယ်.ဆိုရင်
ဒီပညာကို ကိုယ့်လူမျိုးတိုင်းပြည် အတွက်ဘယ်လို အကျိုးရှိအောင် အသုံးပြုသလဲ ဆိုတာကိုလေ့လာပြီး အကျိုးပြု ကောင်းပါတယ်။ ဒါမှမဟုတ် အခုလို hack မြန်မာအချင်းချင်းပြန် hack နေခြင်းဟာ ကိုယ့် hacking ပညာတိုးတက်အောင် လုပ်နေခြင်းဖြစ်တယ်ဆိုရင်လဲ ဒီလောက်များပြားတဲ့ နိုင်ငံခြားက
ခက်ခဲ hacking ရတဲ့ site မျိုးကို hack ပြီး Myanmar hacker တွေတော်ပါလားဆိုပြီး နာမည်ရအောင် လုပ်ရင် သိပ်ကောင်းမှာဘဲ လို့ ကျွန်တော်ထင်မိပါတယ်။ ဒီလိုမဟုတ်ဘဲ ကိုယ့်အချင်းချင်းထဲက
လွယ်လွယ် hack လို့ရမဲ့ ဟာတွေကို hack ပြီး နာမည်ကောင်းယူမယ်ဆိုရင်တော့ နောက်နောက်မှာ အခုလက်ရှိ hack နေတဲ့ လူတွေသာ တက်ပြီးနောက်မှာ ဘာပညာမှ နောင်လာနောင်သားတွေအတွက် ကျန်တော့မယ် မထင်ပါဘူး..လို့ ကျွန်တော်ရဲ့ အမြင်လေးကို ကျွန်တော် စာဖတ်ပရိတ်သိတ် လေးဆီ ပြောပြလိုက်ပါတယ်။
အမြင်တူ၊မတူရှိခဲ့လျင် လွတ်လပ်စွာ Comment ပေးခဲ့နိုင်ပါတယ်။
ကျေးဇူးတင်လျက်,
SBSangpi(စံပီး)

Labels:
All about Gmail-Gtalk,
All About Proxy,
Articles,
Blog Helps,
Blogger,
Games,
Hacking,
Knowledge,
News,
Recoverys,
Reviews,
Security,
Tutorials,
Virus,
websites Guide,
အဖြေရှာ
သွေးလိုအပ်
ရန်ကုန်ကလေး ဆေးရုံ မှသွေးကင်ဆာ ကလေးတစ်ယောက် A သွေး အရေးတကြီး လိုနေလို့ လှုမဲ့သူရှိရင် 294490 မသဇင်ဝေကို ဆက်သွယ်ပေးကြပါလို့ message ဖြန့်ပေးကြပါ။အရေးကြီးလို့ပါ။
Monday 18 July 2011
http://ebooks.mmblogs.net/ (Myanmar Ebooks) hacked by iSKORPiTX
(Myanmar Ebooks) site လဲ အောက်ပါအတိုင်း
translated (BY iSKORPiTX
KING OF THE UNIVERSE
He is king can not be imitated
Lamer Vurur hackers creeps!) ) Turkey လူမျိုးက hack တာဖြစ်ပါတယ်။
KING OF THE UNIVERSE
He is king can not be imitated
Lamer Vurur hackers creeps!) ) Turkey လူမျိုးက hack တာဖြစ်ပါတယ်။
သို့သော်လဲ Home page တခုထဲမှာသာ hack ထားတာကိုတွ့ရပြီး home page ကို မသွားတဲ့လူအတွက်တော့ ဘာမှမသိသာပါဘူး။
SBSangpi(စံပီး)
http://nyinaymin.blogspot.com/ ဘယ်သူ့ဟာလဲ။
http://nyinaymin.blogspot.com/ ဘယ်သူ့ဟာလဲ...ဒီနေ့ဘဲ ကျွန်တော် လိုက်ပြီး ကိုညီနေမင်းရဲ့
Blog hack ခံရတာကို ဘယ်လိုကြောင့်လဲ လိုက်လေ့လာရင်းနဲ့ http://nyinaymin.blogspot.com/ ကို
တွေ့တယ်. ကိုညီနေမင်းကလဲ Account များတာကိုးဆိုတော့ ကျွန်တော် လဲပညာရအောင် ဆိုပြီးတော့
လုပ်လိုက်တာ http://nyinaymin.blogspot.com/ Dashboard ထဲရောက်သွားတယ်.
Password တွေလဲ Reset လုပ်ခိုင်းတယ်။ ဒါနဲ့ Dashboard ထဲရောက်သွားတော့ Post တော့ တခုမှမတွေ့ဘူး။ ဒါပေမဲ့ Follower ၃ယောက်တော့တွေ့တယ်.
အကယ် ကိုညီနေမင်းဟာ မဟုတ်ဘဲ တစ်ယောက်ယောက်ရဲ့ Blog သာဖြစ်ခဲ့ရင်တော့
ကျွန်တော် ဆီ mail ပို့လိုက်ပါ။ ကျွန်တော် Password ကိုပြောပြပေးပါမယ်။
SBSangpi(စံပီး)
Sunday 17 July 2011
Blog hack မခံရအောင် ဘယ်လိုကြိုတင်ကာကွယ်မလဲ။
Blog hack မခံရအောင် ဘယ်လိုကြိုတင်ကာကွယ်မလဲပေါ့ ကိုညီနေမင်းရဲ့ Blog လေး hack ခံရရချင်း
သတိရလိုက်မိတာလေးပေါ့။ ဆိုတော့ သူများခံရတာကို အော်ဟုတ်ပါလား။ ဆိုပြီးတော့ ကြည့်မနေတော့ဘဲ။
ကိုယ့်ကိုကိုယ့် အသိပေးရပါမယ် ဒီလိုမျိုး မဖြစ်အောင် ငါဘယ်လို ဒီလို hack တာကနေ ကိုယ့် Blog ကို ကာကွယ်ရမလဲဆိုပြီးတော့ ကျွန်တော် ချက်ချင်းသတိရမိတာနဲ့ နှစ်ပေါက်အောင် အသုံးပြုနေပြီး ဖြစ်တဲ့
ဒီ Blogger.com ထဲက ကျော်ကျော်သွားတဲ့ function လေးကို ကျော်သွားလို့မဖြစ်ဘဲ အသုံးပြုရပါတော့မယ်။
ဒါကတော့ Blogger.com က dashboard မှာရှိတဲ့ Settings ကိုနှိပ်ပါ။
အထက်ပါ ပုံအတိုင်း Export ကိုနှိပ်ပါပြီးနောက်
DOWNLOAD BLOG ကိုနှိပ်ပါ။ ဒါဆိုရင်
Save file ဆိုပြီးတော့ Save ခိုင်းပါလိမ့်မယ် ဒီအခါမှာ ကိုယ့်ရဲ့ Computer ထဲမှာဖြစ်ဖြစ်၊
USB ထဲမှာဖြစ်ဖြစ်...လုံခြုံတဲ့နေရာမှာ သိမ်းထားရုံဘဲ..
ကယ်ဒီ blog hack ခံရပြီး လုံးဝဖွင့်မရတော့ဘူးဆိုရင် Blogger Account တခုပြန်ဖွင့်ပြီးတော့
import blog မှာ အရင်က DOWNLOAD လုပ်ထားတဲ့ Blog ကိုပြန်တင်..
နဂိုအတိုင်း Comments ပါအပါအ၀င်ပြန်လည်ရရှိပါမယ်။။။။
အဆင်မပြေခဲ့သော် ပြန်ပြောနိုင်ပါတယ်။
SBSangpi(စံပီး)
ညီနေမင်း hacked by BlinkHackerGroup BHG
How to recovery?????????
ကိုညီနေမင်းရေ....
ကျွန်တော် ကူညီနိုင်ကောင်းကူညီနိုင်မယ်ထင်တယ်.. ဆက်သွယ်ပါအုန်း။
Saturday 16 July 2011
Update Proxy (port 443 & fastest)
Last Update 17/7/2011
Proxy PORT
178.213.33.129 443
219.140.60.205 443
146.57.249.99 3127
128.8.126.111 3124
192.33.90.66 3127
update 9/7/2011
Proxy PORT
Proxy PORT
178.213.33.129 443
219.140.60.205 443
146.57.249.99 3127
128.8.126.111 3124
192.33.90.66 3127
update 9/7/2011
Proxy PORT
137.165.1.115 3124
146.57.249.99 3127
129.21.30.116 3127 |
87.106.190.168 443
116.90.208.30 443
နောက် ကျွန်ပ်တော် Proxy များကို ပိုစ့်အနေနဲ့ မတင်တော့ပါဘူး။ ဒါပေမဲ့ ကျွန်တော် ဆိုဒ်ရဲ့ အောက်
လက်ဝဲဘက်မှာ ရှိတဲ့ အောက်ပါ ပုံလေးကို နှိပ်ရင် နောက်ဆုံးရ Proxy တွေကို ရရှိနိုင်ပါမယ်။
SBSangpi(စံပီး)
Download Helper နဲ့ဆို အဆင်ပြေသွားမယ်။
Download Helper ဆိုတဲ့အတိုင်းဘဲ Download လုပ်တာကို ကူညီတာပေါ့။ ဆိုတော့ သူရဲ့ တာဝန်က
Download ပိုပြီးတော့ပိုတဲ့ သဘောပေါ့။ Video Download ဆိုရင်တော့ Download လုပ်ပေးဖို့ဘဲ
တာဝန်ရှိတယ်.လုပ်လို့မရရင် မလုပ်ပေးဘူးပေါ့။ ဆိုတော့ ဒီနေရာမှာ Download helper ရဲ့ အားသာ
ချက်ပေါ့ ဆိုတော့ ကျွန်တော်တို့ အထူးသဖြင့် Download helper က Video တွေကိုဘဲ Download လုပ်
ပေးပါတယ်။ ဆိုတော့ ကျွန်တော်တို့က Download လုပ်လို့ရတဲ့ Video တွေကို မပြောဘူး။ Download
လုပ်လို့ကိုမရတဲ့ Site တွေက Video တွေကို လုပ်မယ်ဆိုရင်ပေါ့။ ဒီ Download helper လေးက အဆင်ပြေ
မှာပါ။ ဒီနေရာမှာ ကျွန်တော်တို့လဲ အတုယူလို့ရပါတယ် ဘာဖြစ်လို့လဲဆိုတော့ ဒီ Download helper
plugin လေးကို ထွင်တဲ့လူက သူရဲ့ Download helper plugin လေးကို Recorder အနေနဲ့ အသုံးပြု
ထားတာဖြစ်ပါတယ်. ဒါကြောင့် ကျွန်တော်တို့ ကြည့်လို့ဘဲရပြီး Download လို့မရလဲ ကျွန်တော်တို့ ကြည့်နေတဲ့ အချိန်မှာ သူက Video ကို Download လုပ်နေတာဖြစ်တဲ့
အတွက် သွယ်ဝိုက်နည်းနဲ့ အသုံးပြုလိုက်တာဖြစ်ပါတယ်။
ဆိုတော့ အထူးသဖြင့် တချို့ Myanmar Video Site တွေက Download လုပ်လို့မရတာ
တွေကို ဒီ Download helper လေးနဲ့ Download လို့ရပါတယ်။
ပြီးနောက် ဒီ Plugin က Download and convert ပါလုပ်လို့ရပါတယ်။
ဒီလိုဆိုတော့ ဘယ် Website ကိုသွားသွား Video Download လုပ်လို့မရဘူးလို့ မြင်တာနဲ့
Download helper လေးကို သတိရလိုက်ပါ။
ှ
SBSangpi(စံပီး)
Update Kaspersky keys
How to activate Kaspersky license using a key file :
1. Open Kaspersky License Manager (from lower right corner).
2. Click ‘Activate the application with a new license’ button. (Delete any trial key first, by clicking the red X next to the key).
3. Disable your internet connection (either disable Network adapter from control panel or turn off your modem/router).
4. Select ‘Activate commercial version’ and enter the activation license code as 11111-11111-11111-1111X
or select ‘Activate trial license’.
5. Click Next, an error dialog box will open as shown below:
6. Click Ok and you will now get the option to activate kaspersky using a key file.
7. Browse to the key location and activate kaspersky.
Last update 17/7/2011
DOWNLOAD FROM filesonic
OR
DOWNLOAD FROM mediafire
OR
DOWNLOAD FROM Ifile
Update 9/7/2011

Kaspersky keys များကိုလဲ နောက်တွင် ပိုစ့်အသစ်မတင်တော့ဘဲ ကျွန်ပ်ဆိုဒ်ရဲ့ အောက်နားက
လက်ယာဘက်မှာ ရှိတဲ့ အောက်ပါပုံကို နှိပ်လိုက်ရင် Kaspersky keys အသစ်ကိုရရှိနိုင်မှာဖြစ်ပါတယ်။
SBSangpi (စံပီး)
SBSangpi (စံပီး)
Friday 15 July 2011
ဓာတ်ပုံကိုတင်ပြီး တူတာကိုရှာမယ်။ (Cool Search Engine)
ကျွန်တော်အရင်က စဉ်းစားဘူးတဲ့ဟာလေးပေါ့ အခုလက်တွေ့ ကောင်ထည်ဖော်ပြီး ကြာလဲကြာပါပြီး။ တင်ဖို့
ပိုစ့်တွေ ပြန်စဉ်းစားရင်း မတင်ရသေးတာနဲ့ မသိသေးတဲ့ လူတွေအတွက် အကျိုးရှိပါစေဆိုပြီး တင်လိုက် ပါတယ်။ ဒါကတော့ ပုံကိုတင်ပြီး ပုံပြန်ရှာတဲ့ Search engine လေးပါ။ အထူးသဖြင့် ကိုယ့်မှာ
မင်းသမီးတစ်ယောက်ပုံရှိတယ် ဒါပေမဲ့ မလှဘူး။ ဒါပေမဲ့ ဒီလိုထပ်တူပုံကို ဘဲလှလှလေးလို ချင်တယ်.
ဆိုရင် Google မှာ ဒီ မင်းသမီးနာမည်ကို ရိုက်ရုံနဲ့ ကိုယ့်မှာရှိပြီးသား ဓာတ်ပုံကို အတိအကျပြန်ရှာတွေ့ဖို့
မလွယ်ပါဘူး။ ဒီအခါမှာ tineye search engine က ကိုယ့်မှာရှိပြီးသား ဓာတ်ပုံကို tineye မှာ Upload လုပ်ပြီးတော့ search ကိုနှိပ်ရင် အောက်ပါပုံတွေအတိုင်း ပုံတူလေးတွေကို ပေးမှာပါ။
ဆိုတော့ စိတ်ကူးကောင်းရင် ကောင်းသလို အကျိုးရှိရှိအသုံးချလို့ရမှာပါ။
သွားရောက်လေ့လာ စမ်းသပ်ကြည့်မယ်ဆိုရင် http://www.tineye.com ကိုနှိပ်လိုက်ပါ။

Tuesday 12 July 2011
Blogger တွေရဲ့ Template ပြသာနာ
Blogger တွေတော်တော်များများ ကြုံဖူးကြမှာပါ အထူးသဖြင့် Template လှလှလေးတွေကို လိုက်ရှာပြီး
ထည့်တဲ့သူတွေ၊ သူများ Template ကိုယူသုံးတဲ့ သူတွေပေါ့။ ဒီပြသာနာက ကြိုတင်ကာကွယ်ထားရင်
သနားကြီးမဟုတ်ပေမဲ့၊ အထက်ပါပုံလိုဖြစ်သွားပြီးမှ ဆိုရင်တော့ နောက်ကျသွားပြီးပေပါ့ ဒီအခုမှာ
ကိုယ့်က တခြားပုံနဲ့အစားထိုးရပါမယ်။
ကျွန်တော် မည်ကဲ့သို့ဖြေရှင်းရမလဲဆိုတာကို မပြောပြခင် ဘာကြောင့်ဖြစ်ပျက်တယ်ဆိုတာပြောပြပါမယ်။
ဒါကတော့ ကျွန်တော်တို့ Blogger တွေက ၀ါသနာကြောင့်သာ Blog ရေးတာဖြစ်တယ်ပြီးတော့
blog အတွက်လဲ ပိုက်ဆံအကုန်မခံနိုင်ကြပါဘူး ဒါပေမဲ့လဲ ကိုယ့် Blog လေးကိုလှခြင်စေကျတာကြောင့်
Online က Google မှာ Free template လေးကိုရှာပြီး Download လုပ်ကြပါတယ်။ပြီးတော့
blog မှာထည့်ကျပါတယ်။ ဒါပေမဲ့လဲ ဒါတွေက free အဖြစ်တဲ့လျှောက် template မှာအသုံးပြုထားတဲ့
ပုံတွေကို သူတို့က ရေရှည်တင်မထားဘဲ ခဏတာသာ တင်ပြီး ပြန်ဖျတ်တက်ကျပါတယ်.
ဒါကြောင့် ဒီလိုမျိုးဖြစ်တာပါ။ နောက်တခုဖြစ်နိုင်တာကလဲ file host ကဒေါင်းတဲ့အချိန်နဲ့ ကြောင်တဲ့
အချိန်တွေမှာလဲ ပုံတွေကို loading မလုပ်နိုင်တဲ့အတွက်ကြောင့် ဖြစ်ရတာပါ ဒါပေမဲ့ ဒီလိုဆိုရင်တော့
file host တွေ ပြန် Loading လုပ်နိုင်တဲ့ အခါမှာ ပြန်ကောင်းသွားမှာပါ တခါတလေလောက်ဘဲဖြစ် တက်ပါတယ်။
ဘယ်လိုဖြေရှင်းရမလဲဆိုတော့ Template တခုကို DOWNLOAD လုပ်လိုက်ပြီးဆိုရင်
အထူးသဖြင့် Blog မှာသုံးတဲ့ .XML က template အတူဘာ file မှမပါလာပါဘူး။ ဒါကြောင့် DOWNLOAD
လို့ရလာတဲ့ template ကို Open with Notepad နဲ့ဖွင့်ပြီးတော့ .jpg, .gif, .png စတဲ့ ပုံတွေရဲ့
လင့်တွေကို Template ထဲမှာ လိုက်ရှာပြီး တနေရာမှာ မှတ်ထားပါပြီးတော့ ဒီပုံတွေ အားလုံးကို
DOWNLOAD လုပ်ပြီးတော့ ကိုယ့်ရဲ့ မသေနိုင်တဲ့ file တွေတင်တဲ့ host တခုခုမှာပြန်ပြီးတင် ပြီးတော့
ခနကနေတွေမှာ ပြန်လည်ပြီး ကိုယ့်ရဲ့ ပုံတွေ လိပ်စာကို အစားထိုးပေးရမှာဖြစ်ပါတယ်။
အဆင်ပြေမယ်လို့ထင်ပါတယ်.

Monday 11 July 2011
Sent a file upto 2GB (FREE)
တခုတလော File sent ရတာတွေအဆင်မပြေဖြစ်တယ်။ ဘာဖြစ်လာလဲဆိုတော့ ခေတ်မီလာတာနဲ့
အမျှရှိသမျှ File size တွေက အရည်အသွေးကောင်းလာသလို Size လဲကြီးလာတာပေါ့ 100 MB လောက်
မရတော့ဘူး အနည်းဆုံး 500 MB ကနေ 1GB လောက်မှ အဆင်ပြေကျတော့တယ်။ ဒီလိုကျတော့ Free
တင်ရဖို့ ဒေါင်းရဖို့မလွယ်တာ့ဘူး ဒေါ်လှ(ဒေါ်လာ) ကိုတောင်းလာတက်ကြတယ်။ အခုကျွန်တော် ပြောပြမဲ့
Site လေးက Register တောင်လုပ်ဖို့မလိုဘဲ Upload လဲ 2 GB အထိ Free၊ Download လဲ 2 GB အထိ
Free ဆိုတော့ အဆင်ပြေပြေပျော်ပျော်ကြီး အသုံးပြုလို့ရပြီးပေါ့
Upload & Download upto 2 GB (FREE) on http://fileape.com/

IDevices,
IDM,
News,
Reviews,
Security,
Softwares,
Tutorials,
windows,
အဖြေရှာ
Saturday 9 July 2011
Malwarebytes.Anti-Malware with Keygen
India မှာလဲ Computer Virus ကိုက်ရင် Virus ရှင်းတဲ့လူတွေက Malwarebytes.Anti-Malware ကို
အသုံးပြုကျတယ်။ Australia မှာလဲ Computer Virus ကိုက်ရင် Malwarebytes.Anti-Malware ကို
ဘဲအသုံးပြုကျတယ်ဆိုတော့ Malwarebytes.Anti-Malware က နာမည်သိပ်မကြီးပေမဲ့ အသုံးတည့်နေတဲ့
သဘောဘဲ ဆိုတော့ မိတ်ဆွေရဲ့ စက်ထဲမှာလဲ ထည့်ထားရင် လုံခြုံရေးပိုပြီး စိတ်ချရတာပေါ့.
ပြီးတော့ Size ကသေးတာ မို့ဟိုသယ်ဒီသယ်မှာ အသုံးပြုလို့ကောင်းပါတယ်. ဒီအပြင် အထူးကောင်းတာက
စက်ကို မလေးစေတဲ့အတွက် အကြိုက်ဆုံးပေါ့။
DOWNLOAD FROM (MEDIAFIRE)
OR
DOWNLOAD FROM (Fileape)
SBSangpi(စံပီး)
Friday 8 July 2011
Blog မှာ Copy မရတာကို ရအောင်လုပ်မယ်။
TO
Blog မှာ Copy မရတာရအောင်လုပ်မယ် ဆိုတာလေး တင်ချင်နေတာတော့ကြာပါပြီး အခုတလော
ရေးမယ်ဆိုပြီး ခေါင်းစဉ်လေးဘဲ ထားပြီးမရေးဖြစ်တဲ့ ပိုစ့်ပေါင်း ၁၀ ကျော်နေပြီး ဒီလိုများတော့လဲ ပိုပြီး
ဆိုးတယ်. ရေးစရာတွေအများကြီးရှိတယ်ဆိုပြီး ခေါင်းထဲမှာ ရှုပ်နေပြီး ဘာမှကို Idea မရတော့ဘူး။
ဘာမှကို မရေးဖြစ်မေးထားတာတွေလဲ ပြန်မဖြေဖြစ် ဖြစ်နေတယ်။ ဒါပေမဲ့ အခု ဒီပိုစ့်လေးကို
မေးလာတဲ့ လူရှိတာနဲ့ စိတ်ထားမှာရေးခြင်နေတာနဲ့ တော်ဖြစ်သွားတယ်။ တကယ်တမ်းတော့ မကောင်းတဲ့
နည်းပညာလားလို့ဘဲ..ဒါပေမဲ့လဲ ကောင်းတယ်မကောင်းဘူးဆိုတာက အသုံးပြုတဲ့ လူပေါ်မှာ မှုတည်ပြီး
ပြောင်းလဲသွားတာမို့ ကျွန်တော်အနေနဲ့ ကောင်းတယ်မကောင်းဘူးကို ကြည့်မနေတော့ဘဲ ကိုယ်သိထား
တဲ့ နည်းပညာလေးကို ပြန်ဝေမျှလိုက်ပါတယ်။
ဒါကတော့ Blog တွေကို ၀င်လိုက်ရင် Right Click Disable ဖြစ်နေတာတို့ စာသားတွေကို Select လုပ်
လို့မရတာတို့ ကြုံဘူးကျမှာပေါ့ ဓာတ်ပုံတွေကို Download လုပ်ခြင်ပေမဲ့ မရတာတို့ပေါ့ ဒါတွေကို
ဖြေရှင်းရမဲ့ နည်းလမ်းက အခက်ကြီးတော့ မဟုတ်ပါဘူး။ ကိုယ့်ကူးချင်ပြီး ကူးလို့မရတဲ့ Blog ကို
Browser (Internet Explorer,Firefox,Chrome) မှာ File-Save Page as ကိုနှိပ်ပါပြီးတော့
Desktop မှာ save ပေါ့။ ပြီးတဲ့ အခါမှာ Desktop ကိုသွားပြီး Download ရလာတဲ့ Blog page လေးကို
Right click - Open with Microsoft Word ကိုနှိပ်လိုက်ပါ. အေးအေးဆေးဆေး copy လို့ရပါပြီး။
Font တွေမတူဘူးဆိုရင် အားလုံး Select မှတ်ပြီး Font မှာ zawgyi or myanmar 3 ကိုပြောင်းလိုက်ပေါ့။
ဒီ Blog က ပုံတွေကိုပါ Save ထားတဲ့ Desktop မှာ Folder လေးတဲ့ ဒီ Blog ရဲ့နာမည်နဲ့ တွေ့ပါမယ်။
အဲဒီအထဲမှာ Blog ထဲက ပုံတွေရော Script တွေရော အစုံပလုံကို အေးအေးဆေးဆေး ရယူလို့
ရပါတယ်လို့
ဆိုတာကို ကျွန်တော် တင်ပေးလိုက်ပါတယ်။
SBSangpi(စံပီး)
Thursday 7 July 2011
Facebook Video Chat ရပြီး။
ဒီနေ့ Jul 6, 2011 11:00 AM မှာဘဲ Facebook Founder Zuckerberg က Facebook Conference မှာ
ပြောကြားလိုက်ပါတယ်။ ဒီ Video chat က Facebook တခုဘဲကလုပ်တာ မဟုတ်ဘဲ Skype နဲ့ ပူးတွဲလုပ်
ဆောင်တာဖြစ်ပါတယ်။ အရင်က တွေ့နေရတဲ့ Facebook video chat က Facebook ကပြုလုပ် တာမဟုတ်ဘဲ ဒီအတိုင်း user တွေလုပ်တာပါ။ အခုဟာကတော့ Facebook ကနေ တရားဝင်လုပ်လိုက်တဲ့
Video Chat ဖြစ်ပါတယ်။
REF: http://www.pcworld.com/article/235127/facebook_and_skype_partner_on_video_calling.html
ဘယ်လိုလုပ်ရမလဲဆိုတော့
http://www.facebook.com/videocalling ကိုသွားပါ။
ပြီးတော့ facebook plugin ကို Download လုပ်ပြီး install လုပ်ပါ။
OR
အောက်က Facebook Video chat ကို Download လုပ်ပြီး install လုပ်ပါ အထက်ပါ
ပုံအတိုင်းလုပ်စရာမလိုတော့ပါဘူး
Facebook Video chat (Mediafire)
OR
Facebook Video Chat (ifile.it)
OR
Facebook Video Chat (filape)
ခက်ဆစ်
Conference = ဆွေးနွေးပွဲ။
Video Chat = ရုပ်သံ စကားပြောခြင်း။

Facebook Video Chat Official release Today!

Tuesday 5 July 2011
Urgent (.com,.net.org..etc) only for first $1/1yr
ဝမ်းသာစရာ သတင်းလေးပါ ကျွန်တော် ဟိုတနေ့က W3schools မှာ PHP လေ့လာနေရင်း
ဒီကြော်ငြာလေးကို အမှတ်မထင်တွေ့လိုက်မိတယ်။ ဒါကတော့ ကျွန်တော့် ဆိုရင် .Com ကိုဝယ်တာ
တနှစ် $10 ပေးရတယ်။ ဒါပေမဲ့ ဒီဟာက တစ်နှစ် $1 ဆိုတော့ ဆယ်ဆကွာတာပေါ့ သူတို့လဲ
11 နှစ်မြောက် Anniversary ဆိုတော့ ဈေးလျှော့ပေးတာဖြစ်ပါတယ်။ ဘယ်အချိန် ဒီဈေးလျှော့
တာကုန်မလဲတော့မသိဘူး။ ဆိုတော့ အချိန်ရှိတုန်း မြန်မြန်ဝယ်ထားပေါ့။ IT Reshare Site ဖတ်တဲ့
လူတွေကို တခြားလူတွေနဲ့ မတူအောင် ဒီသတင်းကောင်းလေးကို မလျှိုဘဲတင်ပေးလိုက်ပါတယ်။
July 8, 2011! မှာ နောက်ဆုံး ၀ယ်ရမှ $1 နဲ့ရမှာဖြစ်ပါတယ်။ ဒါပေမဲ့ ပထမတနှစ်ကိုဘဲ
ဖြစ်ပါတယ်.တနှစ်လောက်လဲ Domain စမ်းချင်တဲ့လူတွေအတွက်တော့ အဆင်ပြေမှာပါ။
နောက်နှစ်တွေတော့ .com $25.00/yr ဖြစ်ပါတယ်
Basic Web Hosting Included for FREE (a $23.4/yr value) လဲပါဝင်ပါတယ်။
SBSangpi(စံပီး)
Sunday 3 July 2011
Overclocking ကဘာလဲ။
Overclocking ကဘာလဲ။ဆိုတော့ အတိတိကျကျ ကျွန်တော်လဲ သိပ်နာမလည်းဘူး..ဒါပေမဲ့ ကျွန်တော်
Google မှာရှာပြီးတွေ့ သလောက်ကိုပြန်ပြီး ရှယ်ရာပေးပါမယ်။
Overclocking ဆိုတာက ကွန်ပျုတာကို လျင်မြန်အောင်လုပ်ခြင်းလို့လဲပြောလို့ ရပါတယ်ပြီးတော့
တအားအေးတဲ့ ရာသီတွေမှာ ကွန်ပျုတာကို အပှုပေးတာလဲဖြစ်ပါတယ် ဒါက တနှစ်ခုကောင်းကျိုးဆိုး
ကျိုးလေးပါ ဘာဖြစ်လို့လဲဆိုတော့ Overclocking လုပ်ခြင်းဟာ ကွန်ပျုတာကို လျင်မြန်အောင်လုပ်နိုင်ပေမဲ့
အပှုကို ထုတ်လွှတ်ပါတယ် ဒါကြောင့် Overclocking ကနေ ကွန်ပျုတာ overheat လဲဖြစ်နိုင်ပါတယ်။
Overclocking က တကယ်တမ်းသော အရဲစွန့်ပြီးလုပ်တဲ့ လုပ်ငန်းဖြစ်ပါတယ်. ဘာဖြစ်လို့လဲဆိုတော့
ကွန်ပျုတာကို ထုတ်လုပ်တဲ့ Company က သူရဲ့ speed ကို သူလုပ်နိုင်တဲ့အထိကို သတ်မှတ်ပြီးစာရေး
ထားတယ်. အဲ့ဒီဟာကို ကိုယ့်က သူသတ်မှတ်ထားတဲ့ speed ရဲ့နည်းနည်းကျော်ကျော်လေးကို တင်ပြီး
အသုံးပြုတာဖြစ်ပါတယ်။ ဒါပေမဲ့လဲ လုံးဝမနိုင်လောက်အောင်လဲ မဟုတ်ဘဲနဲ့ နည်းနည်းကျော်ကျော်လေး
ကိုတင်ပြီး ပိုခိုင်းတာဖြစ်ပါတယ်။ အထူးသဖြင့် (Processor, Graphic card, Ram တို့ကိုဖြစ်ပါတယ်။)
ဒါကြောင့် overclocking က ကိုယ့်က AMD 2500+ ကိုဝယ်မယ် ပြီးတော့ overclocking လုပ်မယ်ဆိုရင်
ပိုက်ဆံပိုပေးပြီး AMD 3000+ ကိုဝယ်စရာမလိုလဲ AMD 2500+ ကို AMD 3000+ ဖြစ်အောင်
အသုံးပြုလို့ရပါတယ်.. ဒါပေမဲ့ ဒီလိုပြုလုပ်ခြင်းကြောင့် ရည်ရှည်မခံခြင်း၊သေချာမလုပ်တဲ့ပါက
လုံးဝလောင်ကျွမ်းပျက်စီးခြင်း၊ ပြီးနောက် Company မှာ warranty ပေးသော်လဲ သူ့သတ်မှတ်ထားတဲ့
လုပ်ဆောင်ချက်အားထက်ပိုပြီး overclocking လုပ်ခြင်းများကြောင့် warranty မရတော့ခြင်းများဖြစ်
တက်ပါတယ်.။
ဒါကြောင့် Overclocking ဟာ မပြုလုပ်သင့်တာ ဟာဖြစ်ပါကြောင့် ပြန်လည်ရှင်းပြပေးလိုက်ပါတယ်။

overclocking =သတ်မှတ်ထားတဲ့ လုပ်ဆောင်နိုင်ခြင်းထက် ပိုလုပ်ဆောင်ခြင်း။
Google = ရှာခြင်တာရှာနိုင်တဲ့ ရှာဖွေရေးဝဘ်ဆိုက်။
overheat = အပှုများခြင်း။
Processor, Graphic card, Ram = ကွန်ပျုတာ ပစ္စည်းအစိတ်အပိုင်းများ။
AMD 2500+ =အမျိုးအစား ။
Warranty =ပစ္စည်းအတွက် အာမခံ။

Saturday 2 July 2011
IDevices use as a wifi- Hotspot (ipad,iphone,ipod)
I-devices ဖြစ်ကျတဲ့ Ipad,iphone,ipod တွေမှာ ကျွန်တော်တို့ Data တွေ share လုပ်တက်ကြပါတယ်။
ဒီလိုလုပ်တဲ့အခါမှာ local network ဖြစ်တဲ့ Ip (192.168.1:1000) ကိုအသုံးပြုပြီးသုံးလေ့ရှိပါတယ်။
ဒါပေမဲ့ ဒါက wifi connection ရှိမှာ ဒီ connection ကိုအမှီပြုပြီးအသုံးပြုလို့ရတာဖြစ်ပါတယ်။ အကယ်၍
သူငယ်ချင်းနဲ့ လမ်းမှာခဏဆုံတဲ့ အချိန်မှာ file share လုပ်ခြင်းတယ် ဒါပေမဲ့ ကိုယ့်မှာလဲ sim card
(internet connection) မရှိဘူး၊ Bluetooth ကလဲအဆင်မပြေဘူး ကျွန်တော်ကြုံဖူးပါတယ်။ ဒီလိုအချိန်မျိုးမှာ
wifi ကိုဖန်တီးပေးတဲ့ app လေးတခုရှိပါတယ်။ My wi 4.0 ကိုသုံးပြုလို့ရပါတယ်။ သူက wifi tethering လဲ
လို့လဲခေါ်ပါတယ်။ ဒီ app လေးကို install လုပ်ပြီး သူထဲက wifi ကို on လုပ်ရင် I-devices,PC,Mac တွေ
မှာ Network ကိုရှာလိုက်ရင် wifi ကိုတွေရမှာဖြစ်ပါတယ်။ ဒီအခါမှာ ကိုယ့် Local IP နဲ့ file sharing
တွေကို အသုံးပြုလို့ရပါပြီး.။
ဒီအပြင် ဒါကို wifi-hotspot အဖြစ်လဲ အသုံးပြုလို့ရပါတယ်။
ဒါက ဘယ်လိုလဲဆိုတော့ ကိုယ့် Iphone မှာ sim card နဲ့ wifi ရတယ်ဆိုရင် wifi မရှိတဲ့ တခြား
ipad, ipod တွေက Iphone ကို အမှီပြုပြီး iphone ဆီက Internet connection ကို လှမ်းသုံးလို့ရပါတယ်။
ဒီ My wi 4.0 ကို
My wi (home site: http://intelliborn.com/mywi.html)
if your i-devices is jail broken and want free
မိတ်ဆွေရဲ့ i-devices က jail broken ဖြစ်တယ်ဆိုရင်
အလကားကို Cydia က search မှာ My wi 4.0 ကိုရှာပြီး install လုပ်လိုက်ပါ။
ရှာမတွေ့ဘူးဆိုရင် ဒီမှာဖတ်ကြည့်လိုက်ပါအုန်း
ခက်ဆစ်
I-devices = iphone,ipad,ipod များကို စု၍ခေါ်ခြင်း။
Local network = သတ်မှတ်ထားတဲ့ ကန့်သတ်နယ်မြေ ကွန်ယက်။
IP = ကွန်ပျုတာ၏ လိပ်စာ၊
wifi-hotspot = ၀ါယာကြိုးမမဲ့ အင်တာနက်ဆက်သွယ်ရေးရရှိနိုင်ရာနေရာ
(coffee ဆိုင်၌ အလကားရသောအင်တာနက်)
Connection = ဆက်သွယ်ခြင်း
File-share = ဖိုင်များအပြန်အလှန်ရယူခြင်း

Post များတွင် ခက်ဆစ်ထည့်သွင်းသွားပါမယ်။
ကျွန်တော် စိတ်ကူးမိတယ် Post တွေမှာ ခက်ဆစ်အဓါပ္ပယ်ဖွင့်လှစ်ချက်တွေထည့် သွားရင်ကောင်းမယ်
လို့ ..ဘာဖြစ်လို့လဲဆိုတော့ တခါတလေမှာ စကားလုံးကိုမြင်နေကျဖြစ်ပေမဲ့ အတိအကျမသိလိုက်တာ
မျိုး အဲဒီအထဲမှာပါနေသော စကားလုံးတခုကို နာမလည်းတာနဲ့ အာလုံးတပုဒ်လုံးကို နာမလည်းတော့တာမျိုး
မဖြစ်ရအောင် ကျွန်တော်သိသလောက်နဲ့ နာလည်းသလောက်လေးတွေကို ပြန်လည် post ပြီးတဲ့
အောက်ပိုင်းမှာ အဓါပ္ပယ်ရှင်းချက်ဖွင့်ပေးပါမယ်။
ကျွန်တော်ရဲ့ ဘလော့ဂ်ကလေးကိုလဲ တက်နိုင်သလောက် လိုအပ်ချက်လေးတွေကို တဖြည်းဖြည်းခြင်းစီ
ကျွန်တော် ထည့်သွင်းသွားပါမယ်။ ကျွန်တော့်ရဲ့ Template ကိုလဲ ကိုယ်တိုင်စိတ်တိုင်းကျလေး ဆွဲနေပါတယ်။ ပြီးတော့ မိတ်ဆွေများ အကြံပေးချင်တာလေးတွေရှိရင်လဲ Comment ပေးနိုင်ပါတယ်။
ခက်ဆစ်
post = ဘလော့ဂ်ပိုစ့်(စာပုဒ်တခု)
Template = ၀ဘ်ဆိုက်အိမ် (၀ဘ်ဆိုက်ဒီဇိုင်း)
Comment = ၀ဘ်ဆိုက်တွင် အကြံဥာဏ်ပေးစာရေးခြင်း

Thursday 30 June 2011
mmblogpress
၂၀၀၈ ခုနှစ်မှ စပြီး ပြည်တွင်းပြည်ပ မြန်မာ blogger များကို အားပေးတဲ့ အနေနဲ့
Myanmar Blogger Press Holding Contest for Best Myanmar Blog Academy Awards ဆိုပြီးတော့
Online မဲစနစ်နဲ့ ကျင်းပခဲ့ပါတယ်။
၂၀၀၈ မှာတော့ အ ကောင်းဆုံးနည်းပညာဘလောဂ့်ဆုကို (blog.nyilynnseck.com/) ကရှိခဲ့ပါတယ်။ ၂၀၀၉ မှာတော့ အကောင်းဆုံးနည်းပညာဘလောဂ့်ဆုကို (www.nyinaymin.com) ကရရှိခဲ့ပါတယ်။
၂၀၁၀ မှာတော့ အကောင်းဆုံးနည်းပညာဘလောဂ့်ဆုကို မည်သူကရတယ်လို့ အတင်အကျမကြေညာ
သေးပါဘူး ဒါပေမဲ့ နောက်ဆုံးအချိန် အထိတော့ မဲအများဆုံးကို (www.sbsangpi.com) ကျွန်တော့်
ဘလောဂ့်ရပါတယ်။...ဒါပေမဲ့ ဘယ်လိုလဲတော့ မသိဘူး..
၂၀၀၈ ခုနစ်မှာလဲ သေချာကြေညာပြီးဆုပေးတယ်. ၂၀၀၉ မှာလဲ သေချာကြေညာပြီးဆုပေးတယ်
ကျွန်တော်ရတဲ့ ၂၀၁၀ ကျတော့ မှ mmblogpress.org ဖွင့်တိုင်း Site Under Construction ကြီးဘဲ
ဖြစ်နေပြီး အခုထိ ဒီအတိုင်းပါဘဲ....
ကျွန်တော်လဲ နာလည်းပေးပါတယ်.ဘာဖြစ်လို့လဲဆိုတော့ သူတို့ကိုယ်တိုင်လဲ ဘာအခကျေးငွေမှမယူ
ဘဲ စေတနာစိတ်သက်သက်နဲ့ မြန်မာဘလောဂ့်တွေကို အားပေးတဲ့အနေနဲ့ လုပ်ဆောင်တာဖြစ်တဲ့
အတွက် သူတို့အတွက်လဲ ဂုဏ်ယူမိပါတယ်. ဒါပေမဲ့လဲ အခုထိ ဘာအကြောင်းမှမကြားဘဲ
ဒီလိုကြီးနေတာတော့ တခြားလူတွေအတွက်တော့ ဘာမှမသိပေမဲ့ မဲအများဆုံးရနေတဲ့
ကျွန်တော်က တော်မျှော်နေမိပါတယ်...
ခက်ဆစ်
blogger=ဘလော်ဂ့်ကာ
Myanmar Blogger Press Holding Contest for Best Myanmar Blog Academy Awards=
မြန်မာဘလော်ဂ့်ကာ အကယ်ဒမီပြိုင်ပွဲ
Online=အွန်လိုင်း
Site Under Construction=ပြုပြင်ဆဲ။
Wednesday 29 June 2011
ပို့ပြီးသား အီးမေးလ်ကို ပြန်ပြင်မယ်။
ကျွန်တော် ဒီ Function ထွတ်ထွတ်ခြင်းတုန်းက တင်ပြီးပြီထင်တာဘဲ ပြန်ရှာတာနဲ့မတွေ့တော့ဘူး
ဒါကြောင့် တချို့ မသိသေးတဲ့ လူတွေအတွက် လိုအပ်မယ်ထင်လို့ ပြီးတော့ လွယ်လဲလွယ်တာကြောင့်
ပြန်တင်လိုက်ပါတယ်.
ပထမဦးဆုံး Gmail ရဲ့ ပေါ်ဆုံးက settings ကို နှိပ်ပါပြီးတော့ Labs ကိုသွားပါ။
အောက်မှာ Undo Send ကိုရှာပါ Enable လုပ်ပါပြီးတော့ အောက်ဆုံးက save changes ကိုနှိပ်ပါ။
ဒီပေါ်ကဟာကို တခါလုပ်ထားလိုက်ရရင်ပါပြီး
ဒါကတော့ Compose မှာ ကိုယ်ပို့ချင်တဲ့ လူဆီကို စာရေးလိုက်ပါပြီးတော့ Send လိုက်ပါ
အထက်ပါ ပုံကို Gmail မှာမြင်ရပါမယ်. ဒီမှာကိုယ့်က ပို့ပို့လိုက်ချင်းများ ကျန်ခဲ့တာ သတိရလိုက်တယ်.
ဒါပေမဲ့ send လဲ send ပြီးပြီ..ဆိုရင် ကိစ္စမရှိပါဘူး. အထက်ပါ ပုံမှာမြင်တဲ့ အတိုင်း
Undo ကိုနှိပ်လိုက်ပါ Compose mail ကို အလိုလျှောက်ရောက်ပြီး
ရေးဖို့ မေ့ကျန်ခဲ့တာကိုပြန်ပြင်ပြီး ပို့လို့ရပါတယ်။

Tuesday 28 June 2011
Virus နဲ့ Hacking နဲ့ဆိုင်လား၊ (ပိုင်း ၁)
Virus ဆိုတဲ့ စကားလုံးနဲ့ Hacking ဆိုတာနဲ့က ဘာမှမဆိုင်သလိုထင်ရပါတယ်.
ကျွန်တော် အချို့ ကိုမေးကြည့်ပါတယ်။ Virus ဆိုတာနဲ့ hacking နဲ့ ပက်သက်မှုရှိလားလို့ သူတို့ကတော့
ဘာမှမဆိုင်ဘူးလို့ပြန်ဖြေကြတယ်။ ဒါပေမဲ့ တကယ်တမ်းတော့ တကယ်ကို ခွဲလို့မရတဲ့ ပက်သက်မှုကြီးရှိနေပါတယ်။ ဒီနေ့ ကျွန်တော်လည်းအချိန်ရတုန်း ဗဟုသုတလေးရအောင် ကျွန်တော်
သိထားတဲ့ ဟာလေးကို ပြန်ပြီး ဝေမျှလိုက်ပါတယ်။ ဒါကတော့ Hacking ကိုစိတ်ဝင်စားပြီး ဘယ်လိုစကမှန်းကို မသိသူတွေ အတွက်လဲ အထောက်အကူဖြစ်မှာပါ။
ကျွန်တော်တို့ အခုဆိုရင် ငါ့ကွန်ပျုတာ Virus ကိုက်သွားပြီးဆိုပြီး ပြောတက်ကြတယ်.ဒါက တနည်းနဲ့ပြောမယ် ဆိုရင်လဲ ကိုယ်ကွန်ပျုတာ Hack ခံရပြီးလို့ပြောလို့ရပါတယ်။ ဒါပေမဲ့ Virus ၀င်တိုင်းလဲ Hack ခံရတာတော့ မဟုတ်ပါဘူး. ဒါပေမဲ့ သူ့ရဲ့သဘောတရားကတော့ hack ခံရတာပါ။
တကယ်တမ်း hacking ကိုတက် ဖို့ဆိုလို့ရှိရင် Virus ရေးတက်ရပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ hacking အရင်းအမြစ်က Virus programs ကိုရေးပြီး ကိုယ့်ကနေ Virus ကို Control လုပ်မှာဖြစ်ပါတယ်.
ဒါက ဘယ်လိုလဲဆိုတော့
ဥပမာပြောရရင် ကိုယ်က Virus programs ကိုထဲကိုရေးပြီး ဒီကွန်ပျုတာထဲကို ထည့်လိုက်တယ်ပြီးတော့ "ဒီကွန်ပျုတာက cursor မလှုပ်တော့ဘဲ မိနစ် ၃၀လောက် ရပ်နေရင် ဒီ Virus ကို လှုပ်ရှားခိုင်းပြီး သူကို Data တွေကို copy ကူးပြီး ကိုယ်ဆီကို ပြန်ပို့ခိုင်းမယ်" သူရဲ့ လှုပ်ရှားပုံက ဘယ်လိုလဲဆိုတော့ ကျွန်တော်တို့
Tutorial တွေ လုပ်တဲ့အခါမှာ Desktop ကို Record လုပ်ထားရင် Cursor က ဟိုရွေ့ ဒီရွေ့ နဲ့ လိုက်နှိပ်နေသလိုမျိုး၊ Virus ကလဲ သူကို ရေးထားတဲ့ အတိုင်းကို Cursor ကရွေ့ ပြီးလိုက်
လုပ်တာဖြစ်ပါတယ်။ တချို့ Virus ကျတော့လဲ ကွန်ပျုတာထဲက အရေးကြီးတဲ့ File တွေကို
Delete လုပ်ပစ်တာမျိုးရှိပါတယ်။ ဒါလဲ Virus ရေးတဲ့ လူပေါ်မှာ မှုတည်ပါတယ်။ အချို့ကတော့လဲ
Website ကို attack လုပ်ဖို့ Zombie Computer အဖြစ်လဲ အသုံးပြုတက်ပါတယ်။ ဒီ Zombie Computer က
ဘယ်လိုလဲဆိုတော့ Virus တမျိုးပါဘဲ ဒီ Virus က၀င်သွားပြီးဆိုရင် ဘာမှာတော့ ကိုယ်ကို ဒုက္ခမပေးဘဲ
ကိုယ့် Computer က ဒီ Virus ရေးတဲ့လူ တိုက်ချင်တဲ့ website ကို
တချိန်ထဲမှာ အခြား ထိုကဲ့သို့ Zombie Computer တွေ အများကြီးကို တပြိုင်နက်ထဲမှာ page တခုထဲကို ၀င်ကြည်ခိုင်းတာဖြစ်ပါတယ်။ ဒီအခါမှာ ထောင်သောင်းချီတဲ့ Computer တွေက၀င်ရောက်ပြီး ဟိုဟာကို နှိပ်ပြီးခိုင်းလိုက် ဒီဟာကို နှိပ်ပြီး ခိုင်းလိုက်လုပ်တဲ့အခါမှာ Website ရဲ့ Server က ကြောင်ပြီး ဘာမှမလုပ်နိုင်တော့ပါဘူး ဒီအခါမှာ Website ဖွင့်လို့မရတော့ပါဘူး ဒီလို Website ကို ၀င်ကြည့်ပြီး တိုက်တဲ့နေရာမှာ ဓားစခံအဖြစ်အသုံးပြုခံရတာမျိုးလဲရှိပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ဘာကြောင့်
Anti-Virus ကို Update လုပ်ဖို့လဲဆိုတော့ အထက်ပါကိစ္စတွေကြောင့်ပါ
Virus ဆိုတာ ကိုယ်ကိုတိုင်ရေးရင် ကိုယ်ကြိုက်တဲ့ နာမည်ပေးလို့ရပါတယ်။ ဆိုတော့ ဒီလိုမျိုးဘဲများစွာ
သော Black hacker တွေက Virus အသစ်တွေကို ရေးပြီး ကွန်ပျုတာတွေကို ၀င်ရောက် hack တက်ပါတယ်။
ဒီလို အချိန်မျိုးမှာ ကိုယ်က Anti-virus ကို update မလုပ်ထားရင် Anti-virus က Virus အမျိုးတစ်ထောင်
လောက်ဘဲသိတယ်ဆိုရင်
ဥပမာ Anti-virus က A ကနေစပြီး Z အထိ Virus ဘဲသိတယ်။ ဒါပေမဲ့ အသစ်ထွတ်တဲ့ Virus က
1 2 3 လို့ နာမည်ပေးထားရင် Anti-virus ကသိမှာမဟုတ်ဘူး။ ဒီအခါမှာ Anti-virus ကလဲ သတ်နိုင်မှာ
မဟုတ်ပါဘူး။ ဒါကြောင့် Anti-virus ကို update အမြဲလုပ်ပေးခြင်းအားဖြင့် Virus နာမည်အသစ်တွေကို
Anti-virus ထဲကို ထည့်ပေးထားတာမို့ အသစ် Virus တွေကိုလဲ update လုပ်ခြင်းအားဖြင့် သိနိုင်ပြီး
သတ်နိုင်မှာဖြစ်ပါတယ်။
ကဲကျွန်တော်လဲ ရေးရင်းနဲ့ ရောကုန်ပြီး နောက်ကျန်တာလေးတွေဆက်ရေးပါမယ်။
SBSangpi(စံပီး)
မျက်စိမှားမဲ့ Tablet
မျက်စိမှားနိုင်မဲ့ တရုတ်လုပ် Tablet ....
Ipad နဲ့ရွေးမယ်ဆိုရင်တော့ Ipad ဘဲရွေးပါ..တရုတ်က ရေရှည်မခံပါဘူး
Subscribe to:
Posts (Atom)